ကရသူရိမြို့၌ (၁၀၄) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဘုတ်ပြသဆောင်ရွက်

ကရသူရိ နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများအား (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဘုတ် ပြသဆောင်ရွက်ခြင်းကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက အမျိုးသားအောင်ပွဲနေ့သည် မြန်မာတို့ နယ်ချဲ့အင်္ဂလိပ်လက်အောက်၌ နှစ်ပေါင်း(၁၀၀)ကျော် ကျွန်ဘဝဖြင့်နေထိုင်ခဲ့ရသဖြင့် သူ့ကျွန်ဘဝမှလွတ်မြောက်ရန် စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်‌ရေးကို အရယူခဲ့သည့် အမျိုးသားရေးစိတ်ဓာတ် အခြေခံကိုမွေးဖွားနိုင်သည့် “အမျိုးသားနေ့” ဖြစ်ကြောင်း၊ အမျိုးသားအေင်ပွဲနေ့ ဦးတည်ချက်အများအကြောင်း စသည်တို့ကို ပညာပေးဟောပြောပြီး ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိရေး အမျိုးသားနေ့ဆိုင်ရာ နံရံကပ်ဘုတ်များ၊ ဓာတ်ပုံမှတ်တမ်းများ ပြသ‌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်ခြင်းသည် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ကျ‌ရောက်မည့် (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)