မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မုံးကိုး  နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်စည်း (mask)အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို ယနေ့နေ့လည်ပိုင်း က ဆက်လက်ဆောင်ရွက်သည်။

“ယနေ့၊ ကျွန်တော်တို့ မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကော်မတီဝင်တွေနဲ့ ဝိုင်းဝန်းပူးပေါင်းပြီး မုံးကိုးမြို့၊ လူစည်းကာတဲ့ လမ်းဆုံလမ်းခွတွေနဲ့ ယာယီကုန်စိမ်းဈေးတွေမှာ နှာခေါင်းစည်း ဖြန့်ဝေခဲ့ပြီး နှာခေါင်းစည်း မတပ်ဆင်သူတွေကို အသိပညာပေးပြောကြားတာတွေ ပြုလုပ်ပါတယ်၊ နောက်ရက်တွေမှာတော့ နှာခေါင်းစည်း အခုဝယ်/အခုတပ်စနစ်နဲ့ ဆက်လက်ကြီးကြပ် ဆောင်ရွက်သွားပါ့မယ်လို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် က ပြောကြားသည်။

မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်အထွက်၌ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီသွားရာဇဝင်စစ်‌ဆေးမှတ်တမ်းယူခြင်းများအား မုံးကိုးမြို့ ကိုဗစ်-၁၉‌ရောဂါ ထိန်းချုပ်‌‌ရေးကော်မတီ က နေ့စဉ်နှင့်အမျှ စဉ်ဆက်မပျက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းဇော်ဦး(ပြန်ဆက်)