နွားထိုးကြီး နိုဝင်ဘာ ၂၅
နွားထိုးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းက အမှာစကားပြောကြားခဲ့သည်။ မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်နန်းမောက်ဆိုင်မှ အမျိုးသမီးကော်မတီ၏ ရည်ရွယ်ချက်အောင်မြင်စွာ ဆောင်ရွက်ရေး၊ ပုံမှန်အစည်းအဝေးကျင်းပနိုင်ရေး၊ တိုင်ကြားစာ တင်ပြလာမှုအပေါ် လက်ခံရယူပြီးဖြေရှင်းဆောင်ရွက်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ချိုးဖောက်မှု ပပျောက်စေရေးနှင့် အမျိုးသမီးများ ဘေးကင်း လုံခြုံစွာရပ်တည်နိုင်ရေး အစီအစဉ်များ ချမှတ်၍ သက်ဆိုင်ရာ အစိုးရဌာနနှင့် လူမှုရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ အကြမ်းဖက်ခံရ သည့် အမျိုးသမီးများ၏ တိုင်တမ်းချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကာယကံရှင်များကို လိုအပ်ပါ က ဆင့်ခေါ်တွေ့ဆုံညှိနှိုင်းဖြေရှင်းရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းစေရေး၊ တားဆီးကာကွယ်ပေးရေး၊ အကြမ်းဖက်ခံရသူများ၏ အခွင့်အရေးများကိုရရှိရန် ကူညီထောက်ပံ့ ပေးရေးတို့ကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အမျိုးသမီးကော်မတီဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေ ကြားခဲ့သည်။
သန်းအောင်ဇော်