မိုင်းတုံ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် (၇) နာရီ က မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့ပေါ်၌ ဈေးဝယ်လာသူများ၊ စျေးရောင်းသူများ၊ မြို့တွင်းသွားလာလျက်ရှိသော ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးကာလတွင် နေအိမ်ပြင်ပ သို့ မဖြစ်မနေသွားလာရပါက (Mask)တပ်ဆင်သွားလာရေး၊ (Mask) တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် (Mask) အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ (Mask) (၃၀၀) ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)