လောက်ကိုင် နိုဝင်ဘာ ၂၅
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ယမန်နေ့နံနက် (၁၀) နာရီက လောက်ကိုင်မြို့၊ အထက (၁)ကျောင်းတွင် စာသင်ခုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္က္ကဋ္ဌ ဦးကျောက်တယ်ချန်မှ အဖွင့်အမှာ စကားပြောကြားပြီးနောက် စာသင်ခုံ အစုံ ( ၄၆၀ ) စုံ အား အထက(၁) ကျောင်းအုပ် ဆရာကြီး ဦးမောင်လှခင်ထံသို့ လည်းကောင်း ၊ ကိုးကန့်ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီ ဝင် ဦးခင်မောင်လွင်မှ မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းထံသို့ လည်းကောင်း ၊ ဒေသဦးစီး အဖွဲ့ အတွင်းရေးမှူး ဦးထွန်းကျော်ကျော်မှ ကုန်းကြမ်းမြို့နယ် အထကကျောင်းအတွက် လည်းကောင်း ၊ ဒေသဦးစီးအဖွဲ့ဝင် ဦးလျိုအားပေါင်က ကိုးကန့်ပညာရေးအကြံပေး ဦးကျန်ကျိရင်ထံသို့လည်းကောင်း စုစုပေါင်း စာသင်ခုံ (၅၀၀) ခုံ အား အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ပြီး ကာလတန်ဖိုးငွေကျပ် စုစုပေါင်း (၂၈၂၀၀၀၀၀)ကျပ်တန်ဖိုး ရှိကြောင်းသိရသည်။
အဆိုပါ စာသင်ခုံများပေးအပ်ပွဲ အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဆရာ /ဆရာမများ စုစုပေါင်း ( ၂၀ ) ဦး ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
နန်းခွာညိုနှင်း (ပြန်ဆက်)