ကျောက်မဲမြို့မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃ ဦး ဆေးရုံဆင်းခွင့်ရ

ကျောက်မဲ    နိုဝင်ဘာ    ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲမြို့မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား ၂ ဦး၊ အမျိုး သမီး ၁ ဦးတို့သည် ရောဂါ သက်သာပျောက်ကင်းပြီဖြစ်သောကြောင့် ဆေးရုံမှ  ယနေ့ နေ့လယ်ပိုင်း ၁ နာရီတွင် ဆင်းခွင်ရပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံမှ ဆင်းခွင့်ရသူများသည် ရန်ကုန်နှင့် မြဝတီမှ ပြန်လာသူများဖြစ်ပြီး ကျောက်မဲမြို့ Quarantine Center များတွင် ဝင်ရောက်နေထိုင်စဉ် နိုဝင်ဘာ ၁၂ ရက်နေ့က ၎င်းတို့၏ ဓါတ်ခွဲနမူနာများကို ရယူစစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့သူများ ဖြစ်သည်။

၎င်းတို့ ၃ ဦးသည် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးရှိ သီးသန့်ဆောင်‌တွင် ဆေးကုသမှုခံယူခဲ့ရာ သတ်မှတ် ကာလ အတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်းမရှိဘဲ ‌သက်သာပျောက်ကင်းပြီ ဖြစ်သောကြောင့် ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်သည်။ ဆေးရုံဆင်းခွင့်ရရှိသည့် သုံးဦးလုံးသည် နေအိမ်တွင် (၇)ရက်သီးသန့် ထပ်မံနေရဦးမည်ဖြစ်ကြောင်း  သိရသည်။

ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၁၁ ဦးရှိပြီဖြစ်ပြီး ၁၀  ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း  ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)