နမ့်ခမ်း နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ကွန်လုံကျေးရွာအနီးရှိ ရွှေလီမြစ်ကူး ဘေလီသံဘောင် ကြိုးတံတား အဟောင်း ကျိုးကျမှု အခြေအနေကို ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးနှင့် အဖွဲ့တို့က ယနေ့၊ နံနက်(၁၁)နာရီခွဲအချိန်ခန့်က လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့သည် နံနက်(၉)နာရီအချိန်ခန့်က နမ့်ခမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတို့ကို တွေ့ဆုံ၍ ဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးသည်။ ထို့နောက် နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ကျိုးကျပျက်စီးသွားသော နမ့်ခမ်းမြို့၊ ကွန်လုံကျေးရွာအနီးရှိ နမ့်ခမ်း-ဗန်းမော်မြို့တို့အား ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမပေါ်ရှိ ရွှေလီမြစ်ကူး ဘေလီသံဘောင်ကြိုးတံတားအဟောင်း ကျိုးကျမှု အခြေအနေကို သွားရောက် ကြည့်ရှုခဲ့သည်။
ဆိုင်ထွန်း(ပြန်/ဆက်)