မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၅
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဈေးကွက်များအတွင်း ဖြန့်ဖြူးရောင်းချနေသော Aptamil Brand ကလေးနို့မှုန့်ဗူးများတွင် ကုန်အညွှန်း အမှတ်အသားနှင့် ပြည့်စုံမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က ဆောင်ရွက် သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်၊ မြို့မကျန်းမာရေးမှူး ဦးဇော်မြင့်နှင့် ဦးစိုးဘိုဘိုထွန်း (မြို့မဈေးတာဝန်ခံ) ပူးပေါင်းအဖွဲ့များမှ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များ၊ စားသောက်ကုန်ဆိုင်များ၊ မုန့်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များအား လိုက်နာမှုရှိ/မရှိနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူရောင်းချနေသည့် ကုန်စည်ဖြစ်သော Aptamil Brand ကလေးနို့မှုန့်ဗူးများတွင် ကုန်အညွှန်းအမှတ် အသားနှင့်ပြည့်စုံမှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)