မိုင်းကိုင် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၏ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ စုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်က ဘုရားမီးပူဇော်ရာမှ ဘုရားစင်အား မီးကူးစက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် စုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်း အလျား ၆၀ ပေ အနံ ၄၀ ပေ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း ခြေတန်ရှည် ဘုန်းတော်ကြီးကျောင်း တစ်ခုလုံး မီးကူးစက် လောင်ကျွမ်းသွားကြောင်း၊ ကျေးရွာနေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၅ နာရီခွဲအချိန် တွင်မီးငြှိမ်းနိုင်ခဲ့ကြောင်း ၊ မီးလောင်မှုကြောင့် လူ နှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)