မိုင်းဆတ် နိုင်ဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဆေးခန်းဖွင့်လှစ်ထားရှိသော ပုဂ္ဂလိကဆေးခန်းများ ကျန်း မာရေး ဦးစီးဌာနသို့ နှစ်စဉ်သတ်မှတ်လိုင်စင်ကြေးများ အချိန်မီပေးသွင်းနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက မြို့နယ်အတွင်း ဆေးခန်းဖွင့်လှစ်ထားရှိသော ပုဂ္ဂလိကဆေးခန်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနသို့ ပေးသွင်းရမည့် နှစ်စဉ်သတ်မှတ်လိုင်စင်ကြေးများ အချိန်မီပေးသွင်းနိုင်ရေး ရှင်းလင်းပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက ပုဂ္ဂလိကဆေးခန်းများ နှစ်စဉ် သတ်မှတ်လိုင် စင်ကြေးပေးသွင်းရမည့်အခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ပုဂ္ဂလိကဆေးခန်းပိုင်ရှင်ဆရာဝန်များက ဆေး ခန်းတစ်ခုနှင့်တစ်ခု နှစ်စဉ်သတ်မှတ်လိုင်စင်ကြေးများ ကွာခြားမှု၊ ဘီပိုးစီပိုးများ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဆရာဝန်မဟုတ်သည့် ကျန်းမာရေးဝန်ထမ်းများက တရားမဝင်ဆေးခန်းများ ဖွင့်လှစ်၍ ဆေးကုသ ပေးနေမှုများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ပေးနိုင်မည့်အခြေအနေတို့ကို မေးမြန်းဆွေးနွေးသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ဆရာဝန်မဟုတ်သည့် ကျန်းမာရေးဝန်ထမ်းများက တရားမဝင် ဆေးခန်းဖွင့်လှစ် ဆေးကုသပေးနေမှုများနှင့်ပတ်သက်၍ မြို့နယ်ကျန်းမာရေးဌာနမှ မိမိ ဝန်ထမ်းများအား သတိပေးဆောင်ရွက်သွားရန်နှင့် လိုက်နာမှုမရှိသူများ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)