ဟင်္သာတ နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာ၊ ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့် ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲတွင် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သူဇာက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ အမျိုးသားနေ့နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များ၊ “အမျိုးသားနေ့ တို့မမေ့”၊ ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးစသည့် အကြောင်းအရာများကို အကျယ်တဝံ့ဟောပြောခဲ့သည်။
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းတွင် အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများ၌ အများပြည်သူများအား (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များအား ဝေငှခဲ့ကြ ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)