တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပိုလီတက္ကနစ်တက္ကသိုလ် (ထားဝယ်) Polytechnic  University(Dawei) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် နိုဝင်ဘာ  ၂၁

နည်းပညာရပ်များအသုံးချ၍ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်အကျိုးပြုနိုင်ပြီးဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော ပညာရှင်များမွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ဖြစ်ရန်မျော်မှန်းချက်ဖြင့် ပိုလီတက္ကနစ်တက္ကသိုလ်(ထားဝယ်) Polytechnic University(Dawei) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊  တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တာဝန်ခံပါမောက္ခချုပ်ဒေါက်တာ အောင်မြင့်အေးတို့က ပိုလီတက္ကနစ်တက္ကသိုလ် (ထားဝယ်)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

အခမ်းအနားကို စာကြည့်တိုက်ခန်းမ၌ကျင်းပရာ ကျောင်းသား/သူများက သိပွံနှင့်နည်းပညာ ဝန်ကြီးဌာန သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  Polytechnic University ဆိုတာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊သင်္ချာပညာရပ်များနှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့် ပညာရပ်များအား ဘွဲ့ကြိုသင်တန်းများသာမကဘွဲ့လွန်သင်တန်းများအထိ လက်တွေ့ကျသော လေ့ကျင့်သင်ကြားမှုများအပြင်  လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးသော တက္ကသိုလ် တစ်ခုဖြစ်ကြောင်း၊ Polytechnic University (Dawei)မှာ Kg+12. အောင်မြင်လာသော ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား အင်ဂျင်နီယာဘာသာရပ်ကြီး(၄)ခုဖြစ်သော မြို့ပြ အင်ဂျင်နီယာ သင်တန်း၊ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း၊ စက်မှု အင်ဂျင်နီယာ သင်တန်းတို့ကို သင်တန်းကာလ(၅)နှစ်ဖြင့် ဖွင့်လှစ်မှာဖြစ်ပြီး သတင်းအချက်အလက် နည်းပညာဆိုင်ရာ အထူးပြုဘာသာရပ်ကြီး (၂)ခုဖြစ်သောကွန်ပျူတာသိပ္ပံသင်တန်းနှင့် ကွန်ပျူတာ နည်းပညာသင်တန်းတို့ကို သင်တန်းကာလ (၄)နှစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်ထဲတွင် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့်ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ဆောင်ရွက်လျက်ရှိကြောင်း၊တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းများ အကောင်ထည်ဖော်ဆောင်ရွက်နေသည့်အတွက် ယင်းလုပ်ငန်းများနှင့် ဆက်စပ်သည့် စက်မှုဇုန်များပေါ်ပေါက်လာမှာဖြစ်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် သက်ဆိုင်ရာအထူးပြု ဘာသာရပ်များအလိုက် Polytechnic University (Dawei)တွင် ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့်အင်ဂျင်နီယာ ပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ ဖြစ်အောင်မလျော့သောဇွဲ၊လုံလ၊ ဝီရီယတို့ဖြင့် ကြိုးစားအားထုတ်ခဲ့ကြသလို တစ်ဆင့်ထက် တစ်ဆင့်မြင့်သည်ထက်မြင့်သောလေ့လာမှု၊ သင်ယူမှု၊ တီထွင်ဆန်းသစ်မှုတွေနှင့်အတူ မိမိတက္ကသိုလ်၏ ဂုဏ်သတင်းရနံ့ မွှေးပျံ့အောင်ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိနိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိပြီး တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ကိုယ်ကျင့် တရားမြင့်မားသူများဖြစ်အောင် စွမ်းဆောင်ကြလျက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ကြသည့် အသိပညာရှင်၊ အတတ်ပညာရှင်လူတော်လူကောင်းများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မှာကြားသည်။

ထို့နောက် တာဝန်ခံပါမောက္ခချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်အား  ဖွင့်ပွဲအထိမ်းအမှတ် မှတ်တိုင်ပေးအပ်ပြီးပညာရေး ဒီဂရီကောလိပ်မှကျောင်းသား/သူများက ပြည်ထောင်စုကြီး ထာဝရတည်တန့်စေသားသီချင်းနှင့် လောကအားမာန် သီချင်းဖြင့် သီဆိုကပြဖျော်ဖြေသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကခန်းမအတွင်းခင်းကျင်းပြသထားသည့် Product Show, သင်ထောက်ကူပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းနှင့် Reference Book များ၊ နိုင်ငံတကာမှ Polytechnic University Vinyl များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)