ကျိုင်းတောင်း နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ကျိုင်းတောင်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ (GAP)စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေရင်အေး မိုးစပါးမျိုးစေ့ထုတ်စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ညနေ ၃ နာရီခန့်က ကွင်းအမှတ်( ၄၂၇ ) ကျိုင်းတောင်း တောင်သူ ဦးလုံးသြစိန္တ ၏ လယ်၌ စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်ခဲ့သည်။
ထိုသို့စံကွက်ရိတ်သိမ်းပွဲဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းတန်စိုးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇေယျာမျိုး တို့က ကျိုင်းတောင်းမြို့၏ ရေမြေဒေသနှင့်ကိုက်ညီသော မျိုးစေ့များရရှိစေရန်၊ အထွက်နှုန်းပိုကောင်း စေရန် နှင့် စားသုံးမှုအရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ မျိုးစေ့ထုတ်စိုက်ပျိုးခြင်းဖြစ်ပြီး အဆိုပါ စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်ခဲ့သည့် တောင်သူ ဦးလုံးသြစိန္တ၏ (GAP)စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေရင်အေးမျိုးစပါးမှ အစိုတစ်ဧကလျှင် အထွက်နှုန်း (၁၂၂.၂၅) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း ကျိုင်းတောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ကျိုင်းတောင်း( ပြန်/ဆက် )