ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ရေသွင်းပေး နိုင်ရေးအတွက် ရေဂါလံ ၃၇၀၀ဆံ့ ရေကန်တည်ဆောက်မည်

ဟားခါး  နိုဝင်ဘာ ၂၆

ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ရေသွင်းပေးနိုင်ရေးအတွက် ရေဂါလံ ၃၇၀၀ဆံ့ ရေကန်တည်ဆောက်နိုင်ရန်အတွက် ယမန်နေ့က ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူများက ရေကန်တည်ဆောက်မည့် နေရာအား ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ရေသွင်းပေးနိုင်ရေးအတွက် ရေဂါလံ ၃၇၀၀ဆံ့ ရေကန်ကို အမြင့် ၆ပေ၊ အလျား ၁၀ပေ၊ အနံ၁၀ပေဖြင့် နိုဝင်ဘာလအတွင်း တည်ဆောက်သွားမည်ဟု ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးရဲဝင်းအောင်ထံမှ သိရသည်။

ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ကော်ဖီပျိုးပင်၊ ထောပတ်ပျိုးပင်၊ လိမ္မော်ပျိုးပင်၊ ပိုးဇာပျိုးပင်နှင့် မျောက်ငိုပျိုးပင် စသည့် ပျိုးပင်အမျိုးအစား()မျိုးကို အဓိကထား ပျိုးထောင်လျက်ရှိပြီး ဆောင်းဝင်၍ နွေကာလ ရောက်ရှိလာမည် ဖြစ်သည့်အတွက် ရေသွင်းပျိုးထောင် နိုင်ရေးအတွက် ရေကန်တည်ဆောက်ရခြင်းဖြစ်ကြောင်း ဟားခါးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးရဲဝင်းအောင်ထံမှ သိရသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)