ငွေဆောင် နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စီးပွားဖြစ်မျိုးသန့် မျိုးစေ့ထုတ် မိုးစပါး ပေါ်ဆန်းရင်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ စံကွတ်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းစိုး၊ ခရိုင်လယ်စီ/အင်းမှ ဦးစီးမှူး ဦးတင်အောင်ဝင်း၊ ခရိုင်စီမံကိန်း ဦးစီးမှူး ဒေါ်မီမီအောင်၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းနှင့် မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူ ဦးဌေးလှိုင်၏ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း ရိတ်သိမ်းမည့်လယ်ကွက်တွင် စံနှုန်းများ တိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ ထားသော စပါးများ၏ အထွက်နှုန်း တိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမိုးစပါး စံကွက်ရိတ်သိမ်းရာတွင် ပေါ်ဆန်းရင်မျိုးစေ့ထုတ် မိုးစပါး တစ်ဧက ၈၁ တင်းနှုန်း ထွက်ရှိကြောင်း၊ ငွေဆောင်မြို့တွင်( RS-CS ) မျိုးသန့်မျိုးပွားမျိုးစေ့မှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သည့် တောင်သူ ၃၁ ဦး၊ မိုးစပါးစိုက်ဧက ၂၂၃ ဧကရှိကြောင်း ငွေဆောင်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးလှိုင်မျိုးသန့် ထံမှသိရသည်။
မူမူသွင်(ပြန်/ဆက်)