မံစီ၌ တောင်သူများကို လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ များပေးအပ်

မံစီ  နိုဝင်ဘာ ၂၆

ကချင်ပြည်နယ်ဗန်းမော်ခရိုင်မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် နာရီခွဲက တောင်သူများကို လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုံစံ- ပေးအပ်ပွဲတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များအား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က လိုအပ်သည်များကို မှာကြားခဲ့ပြီး အတွင်းရေးမှူး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသက်ဆွေက လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းနှင့်အတူ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က   နောင်စွမ်း၊ နောင်လုတ်၊ မံမွမ်းကျေးရွာ အတွင်းရှိ တောင်သူ (၄၄)ဦးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-(၅၃)ခုကို ကျေးရွာလယ်ယာ မြေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ရိန်(ပြန်/ဆက်)