ကျောက်မဲ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ လူစည်ကားရာ ဈေးများတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ Mask Campaign ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ Mask Campaign ကို "ဘောလုံးအားကစားအခြပြု ဘေးဒုက္ခအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်းရည် ဖွံ့ဖြိုးရေးစီမံချက်"အရ ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွားမှုလျော့ကျစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက် ခြင်းဖြစ်ပြီး ကျောက်မဲမြို့ ဗဟိုဈေးကြီးနှင့် အခွန်လွတ်ဈေးရှိ ဈေးသူ/သားများနှင့် ဈေးဝယ်သူများကို နာခေါင်းစည်း Mask( ၅ )ခုစီနှင့် ကိုဗစ်၁၉ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ယနေ့တွင် Mask အခုရေ (၃၀၀၀)ကျော် ခန့် ဖြန့်ဝေ ပေးခဲ့ကြပြီး ယမန်နေ့ကလည်း ကျောက်မဲ Check Point အနီးနှင့် နံနက်ခင်း မင်္ဂလာစျေးတို့အနီးတွင် ကျောက်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လမ်းသွား လမ်းလာများအား နှာခေါင်းစည်း mask (၅၀၀၀)ခ ုပေးဝေခြင်းနှင့် ကိုဗစ်ကာကွယ်ရေး အသိပညာပေး ပြုလုပ်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ဒုတိယတပ်ဖွဲ့ခွဲမှူး လွေးဥမ္မာလှိုင်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စီမံချက်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြစ်ကြီးနားတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ လားရှိုးတက္ကသိုလ်နှင့် Football United တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)