ကြံခင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လူမှုရေး အဖွဲ့များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်

ကြံခင်း  နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လူမှုရေး အသင်းအဖွဲ့များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က ကူးစက်မြန်ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများပြား လာသည့်အတွက် လူမှုရေး အဖွဲ့များမှ ရောဂါကာကွယ် တားဆီးရေးတွင် ပူးပေါင်းလုပ်ဆောင်ရာ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် နိုဝင်ဘာလ(၂၄)ရက်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများက PPE(full set)အစုံ(၅၀)၊ Level-2အစုံ(၆၀)စုံ၊ Boots(၂၀)ခု၊ BootsCover. (၄၀)၊ Goggle(၂၅)ခုအား ဘက်ရဲမြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြတ်ဓမ္မလူမှုကူညီရေးအဖွဲ့၊ ကရုဏာ လူမှုကူညီရေး အဖွဲ့များသို့ ပေးအပ်လှူဒါန်း ခဲ့ကြကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ Boots(၁၀)ခု၊ Boots Cover(၂၀)ခုအား ပေးအပ်လှုဒါန်း ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ မြတ်ဓမ္မလူမှူကူညီရေးအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ် (၃)သိန်းကျပ်ကို ပေးအပ်လှူဒါန်းရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများမှ လှူဒါန်းမှုအား လက်ခံခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)