ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော်      နိုဝင်ဘာ        ၂၄

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ စုပေါင်းဝန်ထမ်းအိမ်ရာများတွင် သန့်ရှင်းသာယာလှပရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ရွှေတောင်ပရိယတ္တိစာသင်တိုက်သို့ရောက်ရှိကာ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ကျောင်းဝန်းအတွင်း ထိခိုက်ပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ရွှေတောင်စေတီတော်မြတ်ကြီးရှိ ထိခိုက်ပျက်စီးသွားသော ရုပ်ပွားတော်များနှင့် အရံစေတီတော်များ ပြန်လည်ပြုပြင်ရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်းဝန်းအတွင်း တပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် အမှတ်()အခြေခံပညာအထက်တန်းကျောင်းတွင် ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် ကျောင်းဝန်းအနိမ့်ပိုင်းရှိ ကျောင်းဆောင်များပတ်ဝန်းကျင်၌ ကျန်ရှိခဲ့သည့်ရေများ စုပ်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ရေများစုပ်ထုတ်ပြီးပါက ကျောင်းဆောင်များစနစ်တကျ ပြန်လည်အသုံးပြုနိုင်ရန် ပြုပြင်မွမ်းမံပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ ရောက်ရှိကာ ()ခန်းတွဲ ()ထပ်ဝန်ထမ်းအိမ်ရာ ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး ယာဉ်စစ်ဆေးမောင်းနှင်ကွင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခန်းမတို့အား ကြည့်ရှုစစ်ဆေးကာ ထိခိုက် ပျက်စီးမှုများအား အမြန်ပြန်လည်ပြုပြင်၍ ရုံးလုပ်ငန်းများပြန်လည် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ နောင်ယား(က)ရပ်ကွက် စုပေါင်းဝန်ထမ်းအိမ်ရာသို့ရောက်ရှိကာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒု-ညွှန်ကြားရေးမှူး ဦးမျိုးသီဟက အိမ်ရာများ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုက်ခန်းများ၏ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်မှု ရှိ/မရှိ အခြေအနေများ၊ အိမ်ရာဝန်း ရေရရှိရေး ဆောင်ရွက်နေမှုတို့အား အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး အိမ်ရာဝန်းအတွင်း လမ်းမီးများနှင့် လုံခြုံရေးမီးများ ကောင်းမွန်မှုရှိစေရေး၊ လမ်းများ စနစ်တကျအသုံးပြုနိုင်ရေး၊ ထပ်မံပြုပြင်ပေးလျက် ရှိသည့် အိမ်ရာများ သတ်မှတ်ရက်အမီ ပြီးစီးရေးနှင့် အိမ်ရာဝန်းသန့်ရှင်းသာယာလှပရေးတို့ကို အလေးထား ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရှိ ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများ ပြုပြင်ပေးမှုအနေဖြင့် စုစုပေါင်း အိမ်ရာ(၁၈)လုံး အိမ်ခန်းပေါင်း (၁၉၂)ခန်းကို ပြုပြင်ပေးလျက်ရှိပြီး နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဝန်ထမ်းများအား ပြန်လည်နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)