ရွှေကူမြို့နယ်၌ RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ယာဉ်နောက်လိုက်(၁)ဦးထံမှ ကိုဗစ်−၁၉ရောဂါပိုး ထပ်မံတွေ့ရှိ

ရွှေကူ  နိုဝင်ဘာ ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင် ယာဉ်(၁၃)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂၈)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ ညနေ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ (၁၀)ဘီး (သံပင်/ကုန်စုံ)ယာဉ်ဖြင့် လိုက်ပါလာသူ ယာဉ်နောက်လိုက် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက် နေထိုင်သော အမျိုးသား()ဦးထံတွင် ကိုဗစ်၁၉ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူ ယာဉ်နောက်လိုက်()ဦးအား ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ၎င်းနှင့်အတူပါလာသည့် ကုန်တင်ယာဉ်မောင်း()ဦးအား ရွှေကူမြို့  အမှတ်() အခြေခံပညာအထက်တန်း ကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်၁၉ရောဂါ ကျန်းမာရေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ နိုဝင်ဘာလ(၂၅)ရက်နေ့အထိ ကိုဗစ်၁၉ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း(၁၆)ဦး ရှိပြီဖြစ်ကြောင်း၊ ()ဦးမှာ ကျန်းမာရေး ပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)