ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအား နယ်လှည့်ကျန်းမာရေး အသိပညာပေးခြင်းနှင့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေး

ပန်နန်းဒင်  နို၀င်ဘာ ၂၆

ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအား နယ်လှည့်ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် ဆေးဝါးကုသပေးမှုကို နို၀င်ဘာ ၉ ရက်နေ့မှ စတင်ကာ နို၀င်ဘာလ တတိယပတ်အထိ ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်ကျန်းမာရေး အသိပညာပေးခြင်းနှင့် ဆေးဝါးကုသမှုပေးရာသို့ ဦးအောင်ဆန်း ကျန်းမာရေးမှူးနှင့် ဆရာ/မများက (၅) နှစ်အောက် ကလေးငယ်တိုင်းကို ဆုံဆို့နာရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ (၅) နှစ်အောက် ကလေးငယ်အားလုံးကို ကိုယ်အလေးချိန် တိုင်းတာမှုများ ဆောင်ရွက် ပေးခြင်းနှင့် အသက်(၄၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို ဆီးချို၊ သွေးတိုး ရှိ/မရှိ တိုင်းတာ စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခဲ့ရာတွင် ဆုံဆို့နာ ရောဂါကာကွယ်ဆေး၊ ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေး၊ ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး၊ ဂိုတာဗိုင်းရပ် ၀မ်းပျက်၀မ်းလျှောရောဂါ ကာကွယ်ဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ အသည်းရောင် အသားဝါ ဘီရောဂါ ကာကွယ်ဆေး၊ တီဘီရောဂါ ကာကွယ်ဆေး၊ မွေးရာပါဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ၀က်သက်ရောဂါ ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး၊ ဂျပန်ဦးနှောက် ရောင်ရောဂါ စသည့်ရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကာကွယ်နည်းများနှင့် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နောယော်ဘော်(ပြန်/ဆက်)