ထန်တလန်မြို့၌ ကလေးသူငယ်အခွင့်အရေးများ အသိပညာပေး (Talk Show )ပြုလုပ်

ထန်တလန်  နိုဝင်ဘာ ၂၆

ကလေးသူငယ်အခွင့်အရေးများ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၀နာရီက ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊‌ ဒုတိယဦးစီးမှူး ဒေါ်ကျင်ငိုက်မန်က ကလေးသူငယ် အခွင့်အရေးများ အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ထန်တလန်မြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်‌အေးသက်က ကလေးငယ်များကို  အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် အကြောင်းအရာများဖြင့် လည်းကောင်း၊ Save The Children မှ Project Officer ဒေါ်ဗန်ဒေါသ့်ချင်းက UNCRC သမိုင်းအကြောင်းနှင့် Save The Childrenမှ က‌လေးငယ်‌များ နှင့်ပတ်သက်ပြီး ဆောင်ရွက်သည့်လုပ်ငန်းများ၊ မူဝါဒများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦး‌နေဝင်းလွင်က ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေပြဌါန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသီးသီး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)