မိုင်းရှူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နှာခေါင်းစည်း (၂၀၀၀)ခု နှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင် (၁၅၀၀) စောင်ဖြန့်ဝေ

မိုင်းရှူး နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်နေ ပြည်သူလူထုများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အိမ်အပြင်ထွက်လျှင် နှာခေါင်း စည်း (Mask) မဖြစ်မနေ တပ်စေရေး အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိုင်းရှူးမြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ ယနေ့ နံနက် ၈နာရီခွဲ အချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးမြို့တွင်း လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။

ယင်းသို့ လှုပ်ရှားရာတွင် ပြည်သူလူထုအနေဖြင့် ကာကွယ်ရေး နည်းလမ်းများကို ပိုမိုအလေး ပေးဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ မိုင်းရှူးမြို့နယ် ကြက် ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူးဦးစိုင်းစိုးထွန်းက ဦးဆောင်၍ လူသွားလာများ ပြားသည့် မြို့လယ်တံတားထိပ်၊ မြို့မစျေး၊ ပြည့်စုံစျေးနှင့် ရွှေဟင်္သာစျေးတို့တွင် နှာခေါင်းစည်း (Mask) (၂၀၀၀)ခုနှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင် (၁၅၀၀) တို့ကို အခမဲ့ဖြန့်ဝေ ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)