နမ္မတူ နိုဝင်ဘာ ၂၆
Dan Church Aid - Norwegin Church Aid (DCA-NCA)၏ ပံ့ပိုးမှုဖြင့် NeT (Never End Tomorrow)နှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ဆက်လက်ပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အတွင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ရာတွင် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်၊ ရှမ်းပြည်နယ်မသန်စွမ်းသူများအသင်း ဘဏ္ဍာ ရေးမှူး ဦးစိုင်းရော်နီနှင့် NeT မှ ဒေါ်အားလိန်တို့က နိုဝင်ဘာလ (၂၅)ရက်နေ့တွင် နမ္မတူမြို့နယ် နမ္မတူ ရပ်ကွက် နယ်မြေ (၂)ရှိ မသန်စွမ်း (၂)ဦး၊ ဟင်ဘုတ်ကျေးရွာရှိ မသန်စွမ်း (၇)ဦး၊ ပန်ဆန်ကျေးရွာရှိ မသန်စွမ်း (၂)ဦး၊ နမ့်ခွန်ကျေးရွာရှိ မသန်စွမ်း (၃)ဦး၊ ကုန်းကယားကျေးရွာရှိ မသန်စွမ်း (၁)ဦး၊ စုစုပေါင်း မသန်စွမ်းသူ (၁၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်ဦးလျှင် အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၁)ခု၊ လက်ဆေးဆပ်ပြာရည် (500ml)ဘူး (၁)ဘူး၊ Spray (100ml)ဘူး (၁)ဘူးနှင့် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၁၅)ခု၊ လက်ဆေးဆပ်ပြာရည် (500ml)ဗူး (၁၅)ဘူး၊ Spray (100ml)ဘူး (၁၅)ဘူးနှင့် ထောက်ပံ့ငွေကျပ် (၃၀၀၀၀၀)ကျပ်အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
နမ္မတူမြို့နယ်အတွင်း မသန်စွမ်းသူ (၂၉၇)ဦးရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများအား နိုဝင်ဘာလ (၁၉)ရက်နေ့တွင် မသန်စွမ်းသူ (၁၀)ဦး၊ နိုဝင်ဘာလ (၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့တွင် မသန်စွမ်းသူ (၄၇)ဦး၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် မသန်စွမ်းသူ (၆၀)ဦး၊ နိုဝင်ဘာလ (၂၃)ရက်နေ့တွင် မသန်စွမ်းသူ (၅၃)ဦး၊ နိုဝင်ဘာလ (၂၄)ရက်နေ့တွင် မသန်စွမ်းသူ (၄၂)ဦး၊ နိုဝင်ဘာလ (၂၅)ရက်နေ့တွင် မသန်စွမ်းသူ (၁၅)ဦး၊ စုစုပေါင်းမသန်စွမ်း (၂၂၇)ဦးအား ထောက်ပံ့ပေးအပ်ပြီး ဖြစ်ကြောင်းနှင့် မသန်စွမ်းသူအားလုံး အကျိုးခံစားခွင့်ရရှိစေရေး အိမ်တိုင်ရာရောက် ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီထံမှ သိရသည်။
လူမော် (ပြန်/ဆက်)