ရေဖြူ နိုဝင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် နေရပ်ပြန်များအား လက်ခံပြီး ကျန်းမာရေး စစ်ဆေးပေးနိုင်ရန် နေရပ်ပြန် အသွားအလာ စောင့်ကြည့်ရေးစခန်း (၄) ခု ဖွင့်လှစ် ထားရှိရာ ယမန်နေ့က နေရပ်ပြန်(၉)ဦး နယ်စပ်ဂိတ်များမှ ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။
ရေဖြူမြို့နယ် သို့မြဝတီနယ်စပ်ဂိတ်မှ (၅)ဦး၊ ထီးခီးနယ်စပ်ဂိတ်မှ (၄)ဦး ၊ ပေါင်း(၉)ဦး ပြန်လည်ဝင်ရောက်လာရာ မိုးလုံလေလုံ အားကစားခန်းမ နေရပ်ပြန်စောင့်ကြည့်ရေးစခန်းတွင် (၆)ဦး၊ ကံပေါက် နေရပ်ပြန်စောင့်ကြည့်ရေးစခန်းတွင် (၃)ဦး Quarantine ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့အထိ ရေဖြူမြို့နယ် နေရပ်ပြန်စောင့်ကြည့်ရေးစခန်းတွင် (၉၀) ဦး၊ ကံပေါက်ရွာ နေရပ်ပြန်စောင့်ကြည့်ရေး စခန်းတွင် (၉၂)ဦးရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
ဖြူဖြူရှိန်(ရေဖြူ ပြန်/ဆက်)