ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံး၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

မြစ်ကြီးနား  နိုဝင်ဘာ ၂၆

မြစ်ကြီးနားမြို့နယ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ် လူမှုဝန်းထမ်း ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကချင်ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်းကြီး ဦးနေဝင်းက နိုင်ငံတော် အနေဖြင့်လည်း အမျိုးသမီးများအား အကြမ်းဖက်မှ ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေ (ဘိုဘောလော- POVOW Law) ကိုလည်း ပြဌာန်းနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် မိမိတို့ကချင်ပြည်နယ်မှာလည်း အမျိုးသမီများနှင့် ပတ်သက်ပြီး အကြမ်းဖက် ခံရပါက ယာယီဖြေရှင်းပေးနိုင်မည့် (One Stop Women Support Center) နားခိုရာ နေရာမျိုးကို ဆောင်ရွက်နိုင်ဖို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကချင်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းက ပြည်နယ်အတွင်းမှ အမျိုးသမီး များအတွက် လုပ်ငန်းဆောင်ရွက်ချက်များတင်ပြခဲ့ပြီး မေတ္တာ ဖောင်ဒေးရှင်း အဖွဲ့နှင့် UNFPA တို့မှပေးပို့သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု Video Clip () ခု ပြသခဲ့သည်။

ယော်ဆောင်(ပြန်/ဆက်)