တနိုင်း နိုဝင်ဘာ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့၊ မုန်ဒိန်ရပ်ကွက်၊ "ရွှေတိုးအောင်"တည်းခိုခန်းတွင်အမျိုးသားတစ်ဦးသည် (၂၁.၁၁.၂၀၂၀)ရက်နေ့၊ အခန်းအမှတ်(၂၀၅)တွင် တည်းခို၍ ညအိပ်ရပ်နားခဲ့ပြီး (၂၂.၁၁.၂၀၂၀)ရက်နေ့ နံနက်(၁၀) နာရီအချိန်တွင် တနိုင်းမြို့၊ ချမ်းငြိမ်းစည် မော်တော်ယာဉ်လိုင်းဖြင့် မိုးကောင်းမြို့၊ ရွှေကျောက်စိမ်းကားဂိတ်သို့ ရောက်ရှိပြီး ၎င်းသည် (၂၃.၁၁.၂၀၂၀) ရက်နေ့တွင် မိုးကောင်းမြို့မှ မန္တလေးမြို့၊ မန္တလေးမှ မုံရွာသို့ ခွေးဘီလူးကားဖြင့် ၎င်း၏နေရပ် ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျီးကုန်း(အထက) CBFQ ထားရှိရာမှ အနံ့၊ အရသာပျောက်သဖြင့် ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသဖြင့် ၎င်းနှင့်ထိတွေ့ဆက်စပ်သူများအားစစ်ဆေး၍ "ရွှေတိုးအောင်"တည်းခိုခန်း မန်နေဂျာအား နှာခေါင်းတို့ဖတ်များ ရယူ၍ ကျန်းမာရေး စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တနိုင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထိုအမျိုးသားနှင့် ထိတွေ့ဆက်စပ်သူ"ရွှေတိုးအောင်" တည်းခိုခန်း မန်နေဂျာအား နှာခေါင်းတို့ဖတ် များရယူ၍ ကိုဗစ်-၁၉ Ag Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိပါကြောင်းနှင့် "ရွှေတိုးအောင်" တည်းခိုခန်းအား အသွားအလာ ကန့်သတ်ထားရှိပြီး တည်းခိုခန်းတွင် နေထိုင်သူ(၉)ဦး၊ မိသားစုဝင်(၇)ဦး စုစုပေါင်း(၁၆)ဦးတို့အား အသွားအလာ ကန့်သတ်ထားရှိထားကြောင်း (၂၅.၁၁.၂၀၂၀) ရက်နေ့ နံနက်(၁၀)နာရီခွဲ အချိန်တွင် ၎င်းအား ချမ်းငြိမ်းစည် မော်တော်ယာဉ်ဂိတ်သို့ ပို့ဆောင်ပေးသူ နှင့် ချမ်းငြိမ်းစည်မော်တော်ယာဉ်လိုင်းမှ ဂိတ်မှူးအပါအဝင် ဆက်စပ်သူ (၅)ဦးအား ကိုဗစ်-၁၉ Ag Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးမတွေ့ရှိရပါကြောင်းနှင့် ထိတွေ့ဆက်စပ်သူ စုစုပေါင်း (၂၁)ဦးတို့အား နေအိမ်တွင် အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)