မလှိုင် နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်း အဖြစ်မနေတပ်ဆင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask နှင့် Face Shield များ အခမဲ့ဝေငှခြင်း လှုပ်ရှားမှု (Mask Campaign) ကို ယမန်နေ့က မြို့မ စည်ပင်သာယာဈေး အတွင်း၊ အပြင်နှင့် လူစည်ကားရာ ပွဲစာတန်းလမ်းတစ်လျှောက်၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က မြို့မစည်ပင်သာယာဈေးအတွင်း ဈေးရောင်းချနေသည့် ပြည်သူများနှင့် ဈေးဝယ် လာသူများ လူစည်ကားရာ ပွဲစားတန်းလမ်တစ်လျှောက် သွားလာသူများကို နှာခေါင်းစည်း စနစ် တကျ တပ်ဆင်သုံးစွဲရေး လက်ကိုင်စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။ ထို့နောက် ဈေးရောင်း ၊ ဈေးဝယ်လာသူများ၊ လမ်းသွား၊ လမ်းလာများကို Mask နှင့် Face Shield များကို အခမဲ့ဖြန့်ဝေပေးခဲ့ရာ Mask အခုရေ (၂ဝဝဝ) နှင့် Face Shield (၁၅၀) ကို ဖြန့်ဝေ နိုင်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနေမင်းမျိုးထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စည်ပင် သာယာအမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် Saving Mahlaing အဖွဲ့တို့က ပါဝင်ကူညီ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)