ပင်းတယမြို့နယ်တွင် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရေး Mask Campaign ဆောင်ရွက်


ပင်းတယ   နိုဝင်ဘာ   ၂၆


လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာ ရေးဝန်ထမ်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ဦးဆောင်မှဖြင့် နှာခေါင်းစည်းများမဖြစ်မနေ တပ်ဆင် ရေးလူထုလှုပ်ရှားမှုစီမံချက်ကို ယနေ့နံနက် ၉ နာရီအချိန်ကကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကွင်းဆင်းဆောင်ရွက်ရာတွင် ပင်းတယမြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ယာယီပျံကျဈေး၊ ကားလမ်းမကြီးတစ်လျှောက်တို့တွင် နှာခေါင်းစည်းများအခမဲ့ ဝေငှခြင်းနှင့် ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင် ရွက်လျက်ရှိပြီး ပင်းတယမြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး အတွက် အသိပညာပေးလုပ်ငန်းများကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)