ဟိုပင်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ အန္တရာယ်ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဟိုပင် နိုဝင်ဘာ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်စေရန် ရည်ရွယ်၍ ယမန့်နေ နံနက် နာရီက ဟိုပင်မြို့ မီးရထား သံလမ်းကူးတွင် နှာခေါင်းစည်း (Mask)  ၁၀၀၀ ခုကို လူမှုကူညီရေး ကားအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် အဖွဲ့ဝင်များက အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။

ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ရောဂါသည် ပြည်တွင်းရောဂါ ဖြစ်ပွားသူများပြားပြီး ကူးစက်မှုနှုန်းမြန်သည့်အပြင် ဟိုပင်မြို့တွင် Stay at home သတ်မှတ်ကာလ ဖြစ်သည့်အတွက် နေအိမ်မှ မထွက်ကြရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း((Mask) တပ်ဆင်ကြရန် မလိုက်နာပါက တည်ဆဲဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်များ အသိပေးနိုးဆော်မှုများကို အသံချဲ့စက်ဖြင့် လှည့်လည် ဆောင်ရွက်ထားပြီးဖြစ်သဖြင့် နှာခေါင်းစည်း (Mask) များ မတပ်ဆင်ဘဲ ပြင်ပထွက်လာသူ ပြည်သူများအား အသိပညာပေးကာလအဖြစ် နှာခေါင်းစည်း (Mask)များအခမဲ့ ဝေငှတပ်ဆင်ပေးခြင်း၊ အသိပညာ ပေးခြင်းများ ဆောင်ရွက်ပြီးဖြစ်သောကြောင့် ပညာပေးကာလ ပြီးဆုံးပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရသည်။

ဟိုပင်မြို့ပြည်သူများ အနေနဲ့ Stay at home သတ်မှတ်ကာလမှာ မဖြစ်မနေအပြင်ထွက်နေရတဲ့ ပြည်သူတွေအတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်စေရန် ယခုလို နှာခေါင်းစည်း (Mask)များအခမဲ့ ဝေငှပေးဝေခဲ့ကြောင်း လူမှုကူညီရေး ကားအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောကြားခဲ့သည်။

တိုးတိုးမေဟိုပင်