မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၆
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့်မြို့နယ်အဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင် လျှက်ရှိသော ဝန်ထမ်းများလုပ်ငန်းညှိ့နှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁နာရီအချိန်ကကျင်းပသည်။
မြို့နယ်အဝင်စစ်ဆေးဂိတ်များဖြစ်သောဝဲဒေါင့်ကျေးရွာ စစ်ဆေးရေးဂိတ်၊ ကျော်ဇံကျေးရွာ စစ်ဆေးရေးဂိတ်၊ ပျားမွတ်လျော်ချောင်း ကျေးရွာစစ်ဆေးရေးဂိတ်များ တွင်တာဝန်ယူဆောင် ရွက်လျှက်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်ရပ်ကျေးစာရေးများအားမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးကဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဧရာဝတီ တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသော ညွန်ကြားချက်များအား ရှင်းလင်းပြောကြား၍ မြို့နယ်အတွင်း ဝင်ရောက်လာသူများ မိမိလာရောက်ရာဒေသမှ ထောက်ခံစာယူဆောင် လာစေရန်၊ တိုင်းဒေသကြီးပြင်ပ Stay at Home သတ်မှတ်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်များမှ ဝင်ရောက်လာသူများအား Facility Quarantine ၁၄ရက်နှင့် Home Quarantine ၇ ရက်ထားရှိရေး၊ Facility Quarantine ၁၄ရက် ထားရှိရာ၌ သတ်မှတ်ထားသည့် FQ Centre များတွင်သာ ထားရှိစေရေးနှင့် နေအိမ်များတွင် ထားရှိခြင်း မပြုရန်၊ မိမိနေရပ်ဒေသသို့ ပြန်လည်ဝင်ရောက်လာသူ များအနေဖြင့် မည်သည့်မြို့သို့ သွားရောက်ခဲ့ကြောင်း မှန်ကန်စွာ မပြောကြားဘဲ၊ သွားရောက်ရာ ဒေသအား မမှန်မကန်ဖြေကြားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားရန် ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးပြီး တက်ရောက် လာကြသူများက သိရှိလိုသည်များပြန်လည် မေးမြန်းဆွေးနွေး ကြသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်စာရေး အဖွဲ့ဝင်များ တက်ရောက်ကြကြောင်းသိရသည်။
သီတာအောင်(ပြန်/ဆက်)