လေးမျက်နှာမြို့နယ်တွင် ကမ်းပြိုဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်

လေးမျက်နှာ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ခြောက်ဆယ်အုပ်စု လက်ပံကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၄ ရက်က ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသော အိမ်ခြေ(၂)လုံးအတွက် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လေးမျက်နှာမြို့နယ် ခြောက်ဆယ်အုပ်စု၊ လက်ပံကုန်းကျေးရွာတွင် နိုဝင်ဘာလ၂၄ ရက်၌ ကမ်းပြိုဘေးကြောင့် တစ်ပြောင်းရွေ့ခဲ့ရသော အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၀၀၀၀၀၊ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာ ခုနစ်ရက်စာ ထောက်ပံ့ငွေကျပ် ၆၃ဝဝ၊ စုစုပေါင်း ကယ်ဆယ်ရေး ထောက်ပံ့ငွေကျပ် ၂၀၆၃ဝဝကျပ်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)