တီးတိန် နိုဝင်ဘာ ၂၆
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့မရပ်ကွက်၊ နာရီစင်အနီးတွင် ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ ပြည်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (၅၀၀) အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)