နောင်ချို နိုဝင်ဘာလ ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)နာရီ အချိန်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးက "၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဌာနဆိုင်ရာ များ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များမှ သူ့အပိုင်းနှင့် သူတာဝန်ယူ အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲ ပြီးစီးသည့်ကာလတို့တွင် အဆင်ပြေပြီးစီးခဲ့ပါကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း" ပြောကြားခဲ့သည်။
၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးခင်မောင်ချင်းက ရွေးကောက်ပွဲကြီးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဝန်ထမ်း များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဝင်များ၊ အတွင်းရေးမှူးများ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင် များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ တက်ရောက်လာသူများအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)