ထန်တလန် နိုဝင်ဘာ ၂၆
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇင်မြတ်မင်းထွဋ် ဦးဆောင်၍ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော အဖွဲ့သည်ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ နှင့်အညီ လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးရာတွင် စားပွဲခုံများအား မှန်(သို့မဟုတ်) ပလတ်စတစ်အကြည်တို့ဖြင့် ကာထားခြင်းကိုလည်းကောင်း၊ Hand Gel လက်ဆေးရည်ကို အသုံးပြုရန် လည်းကောင်း၊ အစားအသောက်များ ပြင်ဆင်ရောင်းချရာတွင် ဝန်ဆောင်မှု ပေးသူများအားလုံး Face Shieldနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းနှင့် လက်အိတ်စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခဲ့ကြပြီး သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ကိုက်ညီမှုရှိသော ဆိုင်များကိုသာ နိုဝင်ဘာလကုန်တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)