ကော့သောင်း နိုဝင်ဘာ ၂၆
ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ နိုင်ငံတကာ INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် World Vision Myanmar (ကော့သောင်း) အဖွဲ့မှ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ယမန်နေ့မွန်းလွဲပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးတွင် အသုံးပြုနိုင်ရေး Hand Sanitizer ဗူးများ၊ Surgical Mask (၁၀၀) ခု နှင့် Face Shield များနှင့် လက်ဆေးဆပ်ပြာရည်များအား လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ရာ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက လက်ခံရယူပြီး အဆိုပါပစ္စည်းများကို ခရိုင်ရုံးဝန်ထမ်းများ ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)