လပွတ္တာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များအား သတ်မှတ် စည်းကမ်းချက်များအတိုင်း ရောင်းချကြရန် အသိပေးနှိုးဆော်ခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လပွတ္တာ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားလာသဖြင့်လပွတ္တာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်း များနှင့် လမ်းဘေးဈေးဆိုင်များ၊ နေအိမ်များတွင် ဖွင့်လှစ်ရောင်းချသူများ၊ ပုဂ္ဂလိကအိမ်ဆိုင်များ၊ အခြားလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်သူများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန်၊ အသိပေးနှိုးဆော်ခြင်းနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီလိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယမန်နေ့ ည ၈း၀၀ နာရီတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ များ ပူးပေါင်းအဖွဲ့မှ မြို့ပေါ် ရပ်ကွက်အတွင်း ရှိ ဈေးများ အတွင်းအခြေခံစားသောက်ကုန် ပစ္စည်းများနှင့်ဆေးဝါးပစ္စည်း ရောင်းချသည့် ဆိုင်များ၊ လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်၊ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊ အိမ်ဆောက်ပစ္စည်း အ‌ရောင်းဆိုင်များနှင့် ပုဂ္ဂလိက အိမ်ဆိုင်များ အားနေ့စဉ် နံနက် ၆ နာရီမှ နေ့လည်၂ နာရီအထိသာ ရောင်းချသွားရန်နှင့်ကျန်ရှိသည့်ဆိုင်များအား ယာယီပိတ်သိမ်း ထားရှိရန်၊ ပုဂ္ဂလိက ဆေးဝါး အရောင်းဆိုင်များ အားနေ့ စဉ် နံနက် ၆နာရီမှ ည ၈ နာရီအထိသာ ဖွင့်လှစ်ရောင်းချသွားရန်၊ သတ်မှတ် ထားသည့်ဖွင့်လှစ် ရောင်းချချိန် အတွင်း ဈေးရောင်းချရာတွင် ပါဆယ်(Take-Away)စနစ်ဖြင့် သာရောင်း ချကြရန်နှင့် လက်အိတ် ၊ Mask များ တပ်ဆင်၍ရောင်းချသွားရန်၊ဈေးဆိုင်များ မိမိတို့ ရောင်းချသည့်ကုန်ပစ္စည်းများအလိုက် သတ်မှတ်ပေးထားသည့် အချိန်အတိုင်းအတာအတွင်းသာ ဖွင့်လှစ် ရောင်းချသွားရန်နှင့်သတ်မှတ်ချိန်ပြည့်ပါက ဆိုင်အားပိတ်သိမ်းထားရန်စသည့်ညွှန်ကြားချက် များအားအလေးထား လိုက်နာဆောင်ရွက် ကြရန်နှင့်လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှအသံချဲ့စက် ဖြင့်လိုက်လံ အသိပေးနှိုးဆော်ခြင်း၊  အဆိုပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် ခြင်း ရှိ/မရှိကွင်း ဆင်းစစ်ဆေးခြင်းတို့ကို အရှိန် အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။

ဝင်းကျော်မြင့်၊ လပွတ္တာခရိုင်ပြန်/ဆက်