ညောင်တုန်းမြို့၌ ကိုဗစ်ရောဂါဆိုင်ရာကာကွယ်ရေး ကျန်းမာရေးစည်းကမ်းများနှင့်အညီ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ အန္တရာယ်ကင်း မြို့တွင်းသို့ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံသွားမည်

ညောင်တုန်း      နိုဝင်ဘာ        ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် အထင်ကရဘာသာရေးပွဲတော် တစ်ခုဖြစ်သည့် တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ရပ်ကွက်များသို့   နိုဝင်ဘာလ  ၂၉ ရက်နေ့ (တနင်္ဂနွေနေ့)၊ တန်ဆောင်မုန်း လပြည့် နေ့ညနေပိုင်း၌ အမှတ် (၁) ရပ်ကွက်ရှိ ယာယီစံ ကျောင်းတော်မှစတင်ကာ (၂၁) လမ်းမတော်သို့တစ်ဆင့် ယာယီအပူဇော်ခံကာ ရပ်ကွက်များ သို့ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာကျန်းမာရေးစည်းကမ်းများနှင့်အညီဒေသစာရီ ကြွချီပူဇော်ခံ  အန္တရာယ်ကင်းလှည့်လည်သွားမည်ဖြစ်သည်။ ကမ္ဘာတဝန်းနှင့်အမြို့မြို့ အနယ်နယ်အရပ်ရပ်ဒေသများတွင် ကိုဗစ်ရောဂါဖြစ်ပေါ် နေပြီးကပ်ရောဂါ ဘေးအန္တရာယ်ကြောင့် ကျန်းမာရေးနှင့်အားကစားတန်ကြီးဌာနမှ ချမှတ်ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ညောင်တုန်းမြို့ ၊ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ အန္တရာယ် ကင်းမြို့တွင်းသို့ ဒေသစာရီကြွချီလှည့်လည်ခြင်းအား နိုင်ဝင်ဘာလ ၂၉ ရက်နေ့ (တနင်္ဂနွေနေ့) တစ်ရက်တည်းသာ အစဉ်အလာမပျက်စေရေးနှင့် အန္တရာယ်ကင်း စေရေးအတွက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း နှစ်ကျိပ်ရှစ်ဆူ ပူဇော်ပင့်ဆောင်ရေးကော်မတီထံမှသိရသည်၊၊

မဟာဝိသုတာရာမတိုက်သစ်ကျောင်းတိုက် ဘုရားကန္ဒာကုဋိတိုက် အတွင်းအပူဇော်ခံထားရှိသည့် နှစ်ကျိတ်ရှစ်ဆူ ဘုရားများအား နိုဝင်ဘာလ ၂၄ ရက်နေ့ညနေပိုင်းက ညောင်တုန်းမြို့ ပီတိပရဟိတအဖွဲ့မှဦးဆောင်၍ နှစ်ကျိပ်ရှစ်ဆူဘုရားများအား အမှတ်(၁) ရပ်ကွက်ယာယီစံ ကျောင်းတော်သို့ ပင့်ဆောင်ပြီး မြို့တွင်းသို့ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ(၅)နာရီအချိန်တွင် ဘောဂလမ်း-ဗိုလ်ချုပ်လမ်း-ရန်ကုန်-ညောင်တုန်း ကားလမ်း-သိမ်လာလမ်း-ဗိုလ်မင်းရောင်လမ်း-အာဇာနည်လမ်း၊ ဇက်ဆိပ်လမ်းမတော်မှ (၂၁) လမ်းအထိ (မြို့အရှေ့ပိုင်း) သို့လည်းကောင်း အဆိုပါ (၂၁) လမ်းမတော်မှ (မြို့အနောက်ပိုင်း) သို့ ကျွန်းထိပ်ပိုင်းတာလမ်း-တောရကျောင်း (မြို့ပတ်တာ) လမ်း၊ တောရကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်းမှ တိုက်သစ်လမ်းသို့ အန္တရာယ်ကင်း လှည့်လည်ကာ ပူဇော်သွားမည် ဖြစ်သည်၊၊ ယခုနှစ်ကျိပ်ရှစ် ဆူဘုရားများ အန္တရာယ်ကင်းလှည့်လည်ရာတွင် ယခင်နှစ်များကဲ့ သို့(၂)ရက်လှည့်လည် ပူဇော် ပင့်ဆောင်ခြင်းများမရှိခြင်း၊ ဒေဝါဝင်း၊ ရာဇာဝင်း၊ လှပျိုဖြူအမျိုးသမီးငယ်ကလေးများ၊ ပဒေသာပင်များ၊ ဆင်အက၊ ဆီမီးရောင်စုံအက၊ ယိမ်းအက၊ အလှတေးဂီတများမပါဝင်တော့ ပဲနှိုးဆော်ရေး/ပြန်ကြားရေးယာဉ် အတွက်မော်တော်ယာဉ် (၁)စီး၊ ဝတ်ရွတ်အဖွဲ့အတွက် မော်တော် ယာဉ်(၁)စီး၊ နရီတီဝိုင်းအဖွဲ့အတွက် မော်တော်ယာဉ်(၁)စီးတို့နှင့် ့အတူ နှစ်ကျိပ်ရှစ်ဆူဘုရားများပူဇော်ပင့်ဆောင်မည့် မော်တော်ယာဉ် (၃) စီးဖြင့် အန္တရာယ် ကင်းဒေသ စာရီကြွချီ အပူဇော်ခံမည် ဖြစ်သည်၊၊

ထို့အပြင်တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားများလှည့်လည် ပူဇော်ရာတွင် ဝတ်ရွတ်အဖွဲ့ ယာဉ်မှလွဲ၍အခြား မည်သည့်ယာဉ်မှ အသံချဲ့စက်၊ ဆောင်းဘောက်များ  တပ်ဆင်သုံးစွဲခြင်းများ မရှိကြောင်းနှင့် တန်ဆောင်တိုင်နှစ်ကျိပ် ရှစ်ဆူဘုရားများ ရပ်ကွက်တွင်းသို့အန္တရာယ် ကင်းဒေသ စာရီကြွချီ လှည့်လည်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းများနှင့် အညီစနစ်တကျအန္တရာယ် ကင်းစေရေးအတွက် လှည့်လည်သွား မည်ဖြစ်ကြောင်းသိရသည်၊၊ 

                                                                                                                                      ဝဠာနိုင်(ညောင်တုန်း)