ငွေဆောင် နိုဝင်ဘာ ၂၆
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့ အတွင်းရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင် များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင် ရောင်းချခွင့်ပြု ပေးမည်ဖြစ်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများ က ယနေ့နံနက် ၈ နာရီချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းဇော်ထွန်းနှင့် တာဝန်ရှိသူများမှ ငွေဆောင်မြို့ အတွင်းရှိ အိမ်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး ဆိုင်ရှင်များနှင့် ဆိုင်တာဝန်ခံများအား စားသောက်ဆိုင်များတွင် ပြင်ဆင် ထားရမည့် အချက်များ၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများလိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် အထူးဂရုပြု ဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ အစရှိသည့်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေးကာ သိရှိကြောင်း လက်မှတ်ရေးထိုး စေခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)