ဟင်္သာတ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေကြီး ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် (၂၀၂၀ ခုနှစ် အောက်တို ဘာလမှ ၂၀၂၁ ခုနှစ် စက်တင် ဘာလအထိ) ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကုန်ထုတ်လမ်းနှင့် ရေပေးဝေရေး လုပ်ငန်းများအတွက် (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါ လက်ခံစိစစ်ရေး အခမ်းအနားကို ယနေ့နံ နက် ၉ နာရီက ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုစားလှယ် ဦးခင်မောင်ရီက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်က တင်ဒါ လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် တက်ရောက်လာသူများရှေ့မှောက်တွင် ရေပေးရေးလုပ်ငန်းနှင့် ကျေးလက်ကုန်ထုတ်လမ်း စုစုပေါင်း Lot (၁၀)ခု၏ နည်းပညာ အဆိုပြုလွှာ Check List စိစစ်ခြင်းနှင့် အောင်မြင်သူ စာရင်းများ ထုတ်ပြန်ခြင်း၊ Technical Proposal (နည်းပညာအဆိုပြုလွှာ) ရမှတ်များစိစစ်ခြင်းနှင့် Price Proposal (စျေးနှုန်းအဆိုပြုလွှာ) ကြမ်းခင်းစျေး ညှိနှိုင်း သတ်မှတ်ခြင်း၊ နည်းပညာအဆိုပြုလွှာ ရမှတ်များ ထုတ်ပြန်ခြင်းနှင့် စျေးနှုန်းအဆိုပြုလွှာဖွင့်ဖောက်စိစစ် ခြင်းတို့ပြုလုပ်ခဲ့ရာ Lot(၆)ခု အောင်မြင်ပြီး ရမှတ်များအလိုက် တင်ဒါ(ပဏါမ) အောင်မြင်သော ကုမ္ပဏီများစာရင်းကို ထုတ်ပြန်ကြေညာခဲ့ ကြသည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့် တင်ဒါစိစစ်ရေး ကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တင်ဒါတင်သွင်းသည့်ကုမ္ပဏီများ တက်ရောက်ခဲ့ ကြပြီး တင်ဒါ (ပဏါမ)အောင်မြင်သောကုမ္ပဏီများ စာရင်းကို တိုင်းဒေသကြီး တင်ဒါ လက်ခံစိစစ်ရေး ကော်မတီထံ တင်ပြ၍ ကုမ္ပဏီများနှင့်စာချုပ်ချုပ်ဆိုခြင်း ၊ လုပ်ငန်းများစတင်ခြင်းနှင့် ကျန်ရှိသည့် Lot(၄)ခုကို လမ်းညွှန်ချက်နှင့်အညီ (တတိယအကြိမ်) ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)