ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တွင် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်လိုက်များကိုအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးလျက်ရှိရာ ယမန်နေ့က ယာဉ်မောင်း(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးလျှက်ရှိရာ၊ယနေ့ စစ်ဆေးမှုတွင် ယာဉ်စီးရေ(၄၄)စီးမှ ယာဉ်မောင်းနှင့် ယာဉ်လိုက်(၈၉)ဦးတို့အား စစ်ဆေးခဲ့သည့်အနက်၊ ချောက်မြို့နယ်မှ ရန်ကုန်မြို့သို့ထွက်ခွာမည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်း(၁)ဦး(ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာနေသူ)တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ခဲ့သဖြင့် ၎င်းပိုးတွေ့လူနာအား ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး၊ ၎င်းကုန်တင်ယာဉ်ပေါ်ပါရှိသည့် ထိတွေ့ဆက်စပ်ခဲ့သူများ ဖြစ်သော ယာဉ်နောက်လိုက်(၁)ဦးနှင့် ယာဉ်မောင်း(၁)ဦးတို့ကို ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက် မှုသိပ္ပံ Quarantine Center သို့ ပို့ဆောင်ထားရှိ သွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)