လှိုင်းဘွဲ နိုဝင်ဘာ ၂၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ များအနေဖြင့် ကန့်သတ်စောင့်ကြည့်ရေးစခန်းများ စီစဉ်ဆောင်ရွက်ပြီးစောင့်ကြည့် လျက်ရှိရာ မြိုင်ကြီးငူအထူးဒေသ သစ္စာ လင်းမြိုင် ကန့်သတ် စောင့်ကြည့်ရေးစခန်းမှ ၁၄ ရက် ပြည့်မြောက်သူ(၂၅)ဦးအား အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့ က မိမိနေအိမ်သို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
အသွားအလာ ကန့်သတ်စောင့်ကြည့်ခံယူခြင်း (၁၄) ရက်ပြည့်မြောက်ပြီး သတ်မှတ်နေရာ စောင့်ကြည့်ရေးစခန်းမှ မိမိနေအိမ် များသို့ ပြန်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း မိမိနေအိမ်တွင် လည်း (၇)ရက် ပြန်လည် နေထိုင်ရန်၊ Mask များကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ လူစည်ကားရာနေရာများ သွားခြင်းအား ရှောင်ကြည်ရန်၊ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများ သီးသန့်ထားရှိရန်၊ အိမ်သားများနှင့် ရောနှောနေထိုင်ခြင်း မပြုဘဲ တစ်ဦးနှင့်တစ်ဦး (၆ပေ)အကွာတွင် နေထိုင်ရန်၊လက်ကို မကြာခဏဆေးရန်၊ ဖျားနာ၊ ချောင်းဆိုး၊အသက်ရှုကြပ်ခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ် အကြောင်းကြရန်တို့ကို ပြည်သူ့ကျန်းမာရေးတာဝန်ခံများက မှာကြားခဲ့ပြီး (၁၄)ရက် နေထိုင်ခဲ့ ကြသည်မှာ မှန်ကန်ကြောင်း အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)