ကြက်ခြံအတွင်း ကြက်ပေါက်များအား အနွေးပေးရန် မီးဖိုထားရာမှ မီးလောင်မှု ဖြစ်ပွား

မြစ်ကြီးနား     နိုဝင်ဘာ  

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် နယ်မြေ () တွင် နေထိုင်သော အိမ်ရှင် ဒေါ်လုနန် (၄၀)နှစ် ဦးသိန်းဝမ် ပိုင်ဆိုင်သော (၁၅ ပေ ၁၀ ပေ) သက်ကယ်မိုး၊ ဝါးထရံကာမြေစိုက် ကြက်ခြံတွင် ယမန်နေ့ နံနက် နာရီခွဲက မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်ပွားရ သည့် အကြောင်းရင်းမှာ ကြက်ခြံအတွင်း ကြက်ပေါက်များအား အနွေးပေးရန် မီးဖိုထားရာမှ အနီးရှိထရံသို့ ကူးစက်၍ မီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန်သေဆုံးမှု မရှိကြောင်း၊ မီးလောင်မှု ဖြစ်ပွားသည့်နေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူထွန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ ဝင် (၂၀)ဦး၊ အရန်တပ်ဖွဲ့ဝင် ()ဦး၊ မီးငြိမ်းသတ်ယာဉ် ()စီးတို့ဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နယ်မြေခံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဝါးထရံနှင့် သက်ကယ်မိုး အနည်းငယ်ဆုံးရှုံးခဲ့ပြီး မီးကိုပေါ့ဆစွာ သုံးစွဲသူ ခြံပိုင်ရှင်အား နယ်မြေခံ ရဲစခန်းမှ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

စိန်ဝင်း(ပြန်/ဆက်)