ဒေးဒရဲမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဒေးဒရဲ နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့ နံနက် ၉နာရီခွဲက မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြသည့် ဌာနဆိုင်ရာများအား ကျေးဇူး တင်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဌာနလုပ်ငန်းများအား ဆောင်ရွက် စေရေး၊ ဌာနများအနေဖြင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ကြစေရေး ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ များက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကာလအတွင်း ဌာနများအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)