မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၇
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူယနေ့ အထိ(၂၆၂)ဦး၊ ကျန်းမာရေး ကောင်းမွန်စွာ ဆေးရုံဆင်းသူ (၁၈၉) ဦး၊ မြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးနှင့် (၁၆)ကုတင်ဆန့် တိုင်းရင်းဆေးရုံတွင် ကုသဆဲ ပိုးတွေ့လူနာ (၇၂)ဦးရှိပြီး ရောဂါအခံရှိသူတစ်ဦးသာ သေဆုံးခဲ့သည်။
မြို့နယ် ကြက်ခြေနီ အသင်းခွဲအနေဖြင့် လူသားခြင်းစာနာသော လူမှူကရုဏာ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်း တစ်ခုဖြစ် သော အရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာပို့ ဆောင်ရေးအတွက် လူနာတင်ယာဉ်နှစ်စီးဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ၎င်းလူနာတင် ယာဉ်များသည် တာဝန်ထမ်းဆောင်မှုသက်တမ်း ကြာမြင့်လာသည်နှင့်အမျှ ချွတ်ယွင်းချက်များစွာ ဖြစ်ပေါ်လာသည့်အတွက် လူနာတင်ယဉ်အသစ်တစ်စီး ထပ်မံဝယ်ယူမည် ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ စေတနာရှင်များမှ ပူးပေါင်း ပါဝင်လှူဒါန်း လျက်ရှိသည်။
အဆိုပါလူနာတင်ယာဉ် တစ်စီးဝယ်ယူရေးအတွက် ယနေ့ နံနက်၁ဝနာရီတွင် ဒေါက်တာ သန့်ဇင်ခန့်+ ဒေါက်တာ ယဉ်နွယ်လတ် (ယဉ်မွန် ဆေးဆိုင်) မိသားစုမှ ကျပ်သိန်း (၆ဝ) ကျပ်၊ ဦးညွန့်လွင်+ ဒေါ်ညိုညိုထိပ်တန်း ဆန်စက်မိသားစုမှ ငါးသိန်းကျပ်၊ ကိုဖြိုးကိုဦး+ မခင်စန်းရီ မိသားစု နှစ်သိန်းကျပ်၊ ဦးတင်မောင်အေး+ ဒေါ်အေးမြတ်ဝင်း (သမီး) မခြူးမြတ်စန္ဒီမှအလှုငွေ တစ်သိန်း ကျပ်တို့ ပါဝင်လှူဒါန်းကြပြီး ဦးဌေးစိန်+ဒေါ်မြင့်မြင့်ခိုင် (ဌေးစတိုး)မှ လူနာတင်ယာဉ်တွင် အသုံးပြုရန်နှစ်ထပ်ကုတင်တစ်လုံးတို့နှင့် စေတနာရှင်များမှ လိုအပ်သည့်ငွေကြေး၊ ကြက်ခြေထောက်အကူပြုပစ္စည်းများအား သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြကြောင်း သိရှိရသည်။
သီတာအောင်(ပြန်/ဆက်)