ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဒီဇင်ဘာ

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ စည်ပင်သာယာဈေးနှင့် မြို့လယ်ဓမ္မာရုံအား ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လောဓမ္မအခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိကာ ကျောင်းဝန်းအတွင်းရှိ ခန်းမဆောင်ပြင်ဆင်တည်ဆောက် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာကြီးက လုပ်ငန်းဆောင်ရွက်မှုများနှင့် ဖြည့်ဆည်းပံ့ပိုးပေးရန်အချက်များအား ရှင်းလင်းတင်ပြရာ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် ကျောင်းအတွက် လိုအပ်သည့် ရေသန့်စင်စက်()လုံးအား လှူဒါန်းပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရောက်ရှိကာ ရုံးအဆောက်အအုံ ပြန်လည်ပြုပြင်မွမ်းမံနေမှုအား ကြည့်ရှုစစ်ဆေးပြီး လူထုအခြေပြုဗဟိုဌာန(Community Centre)လုပ်ငန်းများ၊ စာကြည့်တိုက်၊ ပြတိုက်ငယ်(Mini Museum) ကလေးစာဖတ်ခန်းများနှင့် ဌာန၏ ပင်မလုပ်ငန်းတာဝန်များအားလုံး အပြည့်အဝ ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ခေတ်မီ() ထပ်ဈေးအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့၏ အထင်ကရ ဈေးတစ်ခုဖြစ်သည့်အတွက် ဈေးပြုပြင်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ပြီး ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ ဈေးသန့်ရှင်းသာယာလှပရေးနှင့် ဈေးဆိုင်ခန်း အခွန်အခများ ခေတ်စနစ်နှင့်အညီ စည်းကြပ်ကောက်ခံနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် မြို့လယ်ဓမ္မာရုံ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကာ လုပ်ငန်းတိုးတက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အမီ ပြီးစီးအောင် အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)