မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

မိုးနဲ   နိုဝင်ဘာ   ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မြို့မဈေး နှင့်လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ် မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် နာရီအချိန်က Mask Campaign ကိုအရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ် ၊ထိန်းချုပ် ၊ကုသရေးလုပ်ငန်း ကော်မတီ၏ဦးဆောင်မှုဖြင့်  ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက် ၊မြို့နယ်ကျန်းမားရေးဌာနမှ တာဝန်ရှိသူများ ၊ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းလျက်  ဈေးဝယ်သူများနှင့် ဈေးသည်များ၊ လူအများ သွားလာဖြတ်သန်းမှုများသည့် လမ်းဆုံများတွင်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးကာလမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးသည်များအား ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များ ၊သိရှိ လိုက်နာဆောင်ရွက်ရမည့်အချက်များ နှင့်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)