တန့်ယန်းမြို့နယ်တွင် အသက်(၃၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

တန့်ယန်း  နိုဝင်ဘာ  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်()ရပ်ကွက်ရှိ Quarantine Centre နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ပိုင်းက Quarantine ထားရှိသူများအား တို့ဖတ် ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ပြီး  မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာန၏ ကျန်းမာရေးစစ်ဆေးချက်အရ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ   ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာသည် မန္တလေးမြို့မှ လာရောက်ခြင်းဖြစ်ပြီး ရောက်လျှင်ရောက်ခြင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ကုသရေး ကော်မတီမှတာဝန်ရှိသူများက အမှတ်() ရပ်ကွက်တွင်ရှိသည့် စောင်ကြည့်ရေးစခန်း၌ သီးသန့် Quarantine ထားရှိပြီး နှာခေါင်းနှင့်အာခေါင်တို့မှ တို့ဖတ် ဓါတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့်အတွက် မြို့နယ်ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသ ဆောင်တွင် ဆက်လက်၍ ဆေးကုသပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။  

မင်းလွင်ဦး(ပြန်/ဆက်)