ကချင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်မည့် ပူတာအိုမြို့နယ် မီးသတ်စခန်း လေးခန်းတွဲလေးထပ်၀န်ထမ်းအိမ်ရာပန္နက်တင်

ပူတာအို နို၀င်ဘာ ၂၇

ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီးဌာန မီးသတ်ဦးစီးဌာန ပူတာအိုမြို့ နယ်မီးသတ်စခန်းတွင် တာ၀န် ထမ်းဆောင်သည့်တပ်ဖွဲ့၀င်များ နေထိုင်ရေးအဆင်ပြေစေရန်အတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောက်လုပ် မည့် လေးခန်းတွဲလေးထပ်၀န်ထမ်း အိမ်ယာပန္နက်တင် အခမ်းအနားကို ယနေ့ နံနက်()နာရီက အဆိုပါ၀န်ထမ်းအိမ်ရာ ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။

အဆိုပါ၀န်ထမ်းအိမ်ယာကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် နို၀င်ဘာ(၂၅)ရက်တွင် စတင်ကာ ၂၀၂၁-ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင်အပြီး ဆောက်လုပ်သွားမည်ဖြစ်ပြီး GOLDEN TRIPLE LION Co.,Ltd ဆောက်လုပ်ရေး ကုမ္ပဏီက တင်ဒါအောင်မြင်သည့် ကျပ်သန်းပေါင်း (၃၂၆.၀၀၀)သန်းဖြင့် ၀န်ထမ်းအိမ်ရာ (၅၁ပေ×၆၁.၅ပေ×၄၅ပေ) လေးခန်းတွဲလေးထပ် RC အဆောက်အအုံ အမျိုးအစားကို တာ၀န်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပန္နက်တင်အခမ်းအနားတွင် ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနမှူး ညွန်ကြားရေးမှူး ဦးဇော်၀င်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေတို့က မင်္ဂလာအချိန်ကျရောက်သည်နှင့် တစ်ပြိုင်တည်း သတ်မှတ်နေရာအသီးသီးတွင် ပန္နက်ရိုက် ပေးကြပြီး မွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြကြောင်း သိရ သည်။

ဖုန်ကန်(ပြန်/ဆက်)