ဆွမ်း၊ ကွမ်းခက်ခဲသော ကျောင်းတိုက်များသို့ ခရိုင်အဆင့်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီက (၅)ကြိမ်မြောက်လှူဒါန်း

လားရှိုး နိုဝင်ဘာ ၂၇

လားရှိုးမြို့ရှိ ကိုဗစ်(၁၉)ရောဂါကာလအတွင်း ဆွမ်း၊ကွမ်းခက်ခဲသောဘုန်းကြီးကျောင်းများနှင့် သီလရှင် ကျောင်းတိုက်များသို့  ယနေ့ နံနက်()နာရီခွဲအချိန်က စတင်၍ စားသောက်ကုန်များကို ခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက သွားရောက်လှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ  ဦးအောင်ချိုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပါဝင်လျက် လားရှိုးမြို့ ရပ်ကွက်()()()တို့ရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းတိုက် စုစုပေါင်း()တိုက်တို့အား ဆွမ်းကွမ်းအခက်အခဲ မရှိစေရေး အတွက် ဆန်(၃၅)အိတ်၊ ဆီ(၁၄၀)ဘူး Mask(၁၂၀၀)ခု၊ ခေါက်ဆွဲခြောက် (၂၃)ဖာတို့အား ကျောင်းတိုက်များသို့ အရောက် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလ၌ ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ လှူဒါန်းမှု မှာ ()ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ဟန်ဌေး(လားရှိုး)